ဆိုဒ်ပေါင်းစုံက Up to Date ဖြစ်မဲ့နည်းပညာတွေကိုလူကြီးမင်းတို့စီပြန်လည်မျှဝေပေးနေတာပါခင်ဗျာ သက်ဆိုင်ရာဆိုဒ်တွေကိုလဲ Credit ပေးပါတယ်ဗျာ User တွေအဆင်ပြေမှုကိုသာရည်ရွယ်ထားပါတယ် နားလည်ပေးနိုင်မယ်ထင်ကြပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...

Monday, August 12, 2013

Android Application Development ( 1 )

Android Application Development 

Development with Android and Eclipse
        ဒီ Tutorial ကတော့ Eclipse ကိုအသုံးပြုပြီး Android application တွေကိုဘယ်လို create လုပ်မလဲဆိုတာကိုပြောသွားမှာပါ။ Eclipse 4.2 (Juno), Java 1.6 and Android 4.2 (Jelly Bean) တို့ကိုအသုံးပြုသွားပါမယ်။

1. What is Android?

1.1. Android Operation System

Android ဆိုတာ Linux ကိုအခြေခံတဲ့ operating system တစ်ခုပါ။
The Android Software Development Kit (Android SDK) မှာ Android application တွေကို develop လုပ်ဘို့လိုအပ်တဲ့ tool တွေအားလုံးပါဝင်ပါတယ်။ Android program တွေကို run တဲ့ virtual machine အပြင် compiler, debugger and a device emulator ဆိုတဲ့ tool တွေပါဝင်တာပါ။ Device emulator ဆိုတာကတော့ application ကို real device မှာ run သလိုမျိုး run လို့ရတဲ့ (real device အစားအသုံးပြုနိုင်တဲ့) tool တစ်ခုပါ။
Android ကို Google က develop လုပ်ခဲ့တာဖြစ်ပါတယ်။
Android က background processing တွေဆောင်ရွက်ပေးနိုင်ပါတယ်။ User interface library တစ်ခုလည်းပါဝင်ပါတယ်။ OpenGL libraries တွေအသုံးပြုပြီး 2-D graphic တွေ 3-D graphic တွေကို support လုပ်ပေးနိုင်ပါတယ်။ File system တွေကို access လုပ်နိုင်တယ်။ Embedded  SQLite database ကိုလည်းအသုံးပြုနိုင်ပါတယ်။
Android applications မှာ component တွေအမျိုးမျိုးပါဝင်ပြီးတော့ အခြား application တွေရဲ့ component တွေကိုလည်း ပြန်သုံးလို့ရပါတယ်။

1.2. Google Play (Android Market)

Google ကနေပြီးတော့ Google Play service တစ်ခုကိုဖန်တီးပေးထားပါတယ်။ Programmer တွေဟာ သူတို့ရဲ့ Android application တွေကို Android user တွေဆီရောက်အောင် Google Play ကနေတစ်ဆင့်ဖြန့်ဝေနိုင်ပါတယ်။ Google phone တွေမှာပါတဲ့ Google Play application ကိုအသုံးပြုပြီး application တွေကို install လုပ်နိုင်ပါတယ်။
Google Play မှာ update လုပ်နိုင်တဲ့ service တစ်ခုလည်းပါပါတယ်။ ဥပမာ programmer တစ်ယောက်ဟာ သူ Google Play မှာ upload လုပ်ထားတဲ့ application အတွက် version အသစ်တစ်ခုကိုရေးပြီးနောက် Google Play ကိုတင်လိုက်တယ်ဆိုပါတော့။ အဲဒါဆိုရင် Google Play ကနေပြီးတော့ (old version) application ကို install လုပ်ထားတဲ့ user တွေဆီကို new version ကို install လုပ်နိုင်ကြောင်း သတိပေး ပေးပါတယ်။
Google Play ကို Android Market လို့လည်းခေါ်ပါတယ်။

2. Security and permissions

2.1. Security concept in Android

Android application တိုင်းအတွက် user and group ID တစ်ခုကို create လုပ်ပေးပါတယ်။ Application file တစ်ခုဟာ အဲဒီ application ကို generate လုပ်ထားတဲ့ user အတွက် private ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အခြားသော application တွေကအသုံးမပြုနိုင်ပါဘူး။
Data ကို share ချင်ရင် service or content provider ကိုသုံးပြီး share ရပါတယ်။

2.2. Permission concept in Android

Android မှာ permission system တစ်ခုလည်းပါဝင်ပါတယ်။ အချို့သော task တွေအတွက် permission တွေကို ကြိုတင် define လုပ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် permission တွေကိုလည်း ထပ်ပြီး define လုပ်နိုင်ပါသေးတယ်။
Android application တစ်ခုဟာ သူလိုအပ်တဲ့ permission တွေကို  AndroidManifest.xml configuration file မှာ declare လုပ်ရပါတယ်။ ဥပမာ Application တစ်ခုက Internet ကို access လုပ်ဘို့လိုအပ်တယ်ဆိုရင် အဲဒီလိုအပ်တယ်ဆိုတဲ့ အကြောင်းကို AndroidManifest.xml configuration file မှာ declare လုပ်ရပါတယ်။
Permissions မှာလည်း level အမျိုးမျိုးရှိပါတယ်။ အချို့ permission တွေကို auto ခွင့်ပြုထားပြီး အချို့ permission တွေကိုတော့ auto reject လုပ်ထားပါတယ်။
Application က request လုပ်ထားတဲ့ permission တွေကို ခွင့်ပြု/မပြုဆိုတာကို အဲဒီ application ကို install မလုပ်ခင် user ကိုမေးပါတယ်။ User က ခွင့်ပြု/မပြုဆုံးဖြတ်ပေးရပါတယ်။ (Application တစ်ခုကို install လုပ်တဲ့အခါ permission request လုပ်တာကိုမြင်ဘူးမယ်ထင်ပါတယ်)
User ကသာ application ကလိုအပ်တဲ့ permission ကို deny လုပ်လိုက်မယ်ဆိုရင် အဲဒီ application ကို install လုပ်လို့မရတော့ပါဘူး။ Permission check လုပ်တာကို application install လုပ်နေစဉ်အချိန်အတွင်းမှာသာလုပ်လို့ရပါတယ်။ Install လုပ်ပြီးမှ deny လုပ်လို့မရတော့ပါဘူး။
User အများစုက ဒီကိစ္စကို သိပ်အာရုံမထားကြပေမယ့် အချို့ user တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Google Play မှာ negative review တွေလာရေးကြဆိုဘဲ။

Credit to Computer and Mobile Technology


No comments:

Post a Comment