ဆိုဒ်ပေါင်းစုံက Up to Date ဖြစ်မဲ့နည်းပညာတွေကိုလူကြီးမင်းတို့စီပြန်လည်မျှဝေပေးနေတာပါခင်ဗျာ သက်ဆိုင်ရာဆိုဒ်တွေကိုလဲ Credit ပေးပါတယ်ဗျာ User တွေအဆင်ပြေမှုကိုသာရည်ရွယ်ထားပါတယ် နားလည်ပေးနိုင်မယ်ထင်ကြပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...

Saturday, August 31, 2013

Smart GApps Installer


Android Version 4.0.3 မှ 4.2.2 အထိ Google Play နှင့် အခြား GApps သွင်းပေးနိုင်မည့် Smart GApps Installer


Android Version 4.0.3 မှ 4.2.2 အထိ Google Play နှင့် အခြား GApps သွင်းပေးနိုင်မည့် Smart GApps Installer
------------------------------

--------
Google Play app နှင့်အခြား Gmail, Gtalk စတဲ့ Google services app မပါတဲ့ Huawei လိုဖုန်းတွေမှာ Google Servies app များသွင်းဖို့အတွက် Smart GApps Installer လို့အမည်ရတဲ့ ကွန်ပျူတာ Tool တစ်ခုထပ်မံထွက်ရှိလာပါတယ်။ Android Version 4.0.3 မှ 4.2.2 အထိရှိသော Android ဖုန်းများအတွက် ဒီဆော့ဝဲလေးကိုအသုံးပြုပြီး Google Sevices app များသွင်းနိုင်ပါတယ်။ ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ် ။ ဖုန်းမှာ Custom Recovery/ClockWordMod recovery မရှိလည်း ဒီ Tool လေးကိုအသုံးပြုနိုင်ပါတယ်။ Smart Gapps Installer ကိုရေးသားဖန်တီးသူကတော့ ကိုကျော်စွာသွင်ဖြစ်ပါတယ်။ Smart GApps Installer ကိုအောက်က link မှာရယူနိုင်ပါတယ်။

ဒီမှာဒေါင်းပါ

Credit >>> http://www.myanmarmobileapp.com/2013/08/21/smartgappsinstaller/

USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...??

သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို  2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ..ဒီနေရာလေးမှာ နည်းနည်းလောက်ကျနော်ပြောချင်တာက သေချာလုပ်ပါ.ဖြေးဖြေးချင်းလုပ်ပါ..တစ်ချို့က မရဘူးအော်ပါလိမ့်မယ်..ဒါပေမယ့် ရပါတယ်လို့ဘဲပြန်ဖြေစရာရှိပါတယ်ခင်မျ.. ကျနော်တို့ ဒီလို ကျူတိုရီရယ်တွေရေးတယ်ဆိုတာ အများရဲ့ဝေဖန်မှုကို ခံရပါတယ်..လျောက်ရေးတယ်..မဟုတ်တာတွေရေးတယ်ပေါ့ဗျာ..ကျနော်တို့လျှောက်ရေးတယ်ဘဲထားဦး
ကျနော်တို့ရဲ့ရည်ရွယ်ချက်က အသိပညာပေးဖို့ပါ..ကျနော်တို့ကိုယ်တိုင်လဲ လေ့လာနေဆဲအဆင့်တွေ
ရှိပါသေးတယ်..ဒါကြောင့်အင်တာနက်မှာမွှေနှောက်ရှာဖွေရင်း တွေ့တာလေးကိုချပြတဲ့သဘောပါ..ဒါ
ကြောင့်အဆင်မပြေခဲ့ရင်လည်း နားလည်ပေးစေချင်ပါတယ်..ဒါကြောင့် မရဘူး..အဆင်မပြေဘူးဆိုရင်
ပြောစရာဖြစ်လာမှာစိုးလို့ ကြိုပြီးတောင်းပန်ထားရတာပါ..ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပါတယ်

ကဲ..ဘယ်လိုလုပ်မလဲစကြည့်လိုက်ရအောင်..။လိုအပ်တဲ့ Software ကိုအရင်ဒေါင်းလိုက်ပါ။ ကြိုက်ရာ link ကနေဒေါင်းပါ။

Download ==>  Link 1 / Link 2 / Link 2
အရင်ဆုံးမိမိပြုလုပ်လိုတဲ့ Stick ထဲမှာ မည်သည့် Data Files မျှရှိမနေရပါဘူး။ သေချာပြီဆိုရင်
 မိမိတိုးလိုတဲ့ Memory Stick ကို ကွန်ပျူတာမယ်တပ်လိုက်ပါ။ My Computer ထဲကို ၀င်ပြီး မိမိရဲ့ Stick ကိုမှတ်ရလွယ်တဲ့နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော် Stick နာမည်က My Computer ထဲမှာ
Ithelper(G:) ဆိုပြီးပေါ်နေပါမယ်။ ..အိုကေ အကုန်အဆင့်သင့်ဖြစ်ပြီဆိုရင် Software ကို Run လိုက်ပါ.. အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာ Running this will increase/decrease the size of a memory stick to 4GB.Type what you want to call the USB stick.
 ဆိုတဲ့ စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ Ithelper ဆိုပြီး ရိုက်ထည့်လိုက်ပါပြီ။ ပြီးတာနဲ့ Enter နှိပ်လိုက်ပါ။ ဥပမာ မိမိရဲ့ Stick က Amycho(H:) ဆိုပြီးပေါ်နေရင် amycho ဆိုပြီးရိုက်ထည့်ကာ Enter နှိပ်ရပါမယ်။ အဲလို နှိပ်လိုက်တာနဲ့ နောက်ထပ်စာတန်ုးတစ်ခုပေါ်လာပါမယ်..အောက်ကပုံကိုကြည့် ပါ။
ပုံကြီးကြီးမြင်လိုလျှင် ပုံကို Click ပါ။
ပုံမှာမြင်ရ တဲ့အတိုင်း Type the Drive LETTER! ဆိုတဲ့စာသားမြင်ရပါလိမ့်မယ်..အဲဒီအောက်မှာ မိမိရဲ့ Drive Letter ကိုရိုက်ထည့်ပေးရပါမယ်..ဘယ်လိုလဲဆိုရင် ကျနော့်ရဲ့ Stick သည် Ithelper(G:) ဖြစ်တဲ့အတွက် အကွက်ထဲမှာ G ဆိုပြီးရိုက်ထည့်လိုက်ပါမယ်။ မိမိတို့ရဲ့ Stick က ဥပမာ Amycho(H:) ဆိုရင် H ဆိုပြီး၇ိုက်ထည့်ပေးရပါမယ်။ jockerlay(F:) ဆိုရင် F ဆိုပြီးရိုက်ထည့်ပေးရပါမယ်...အိုကေ..ဒါလောက်ဆိုရင် Drive Letter ဆိုတာကိုနားလည်ကြပြီထင်ပါတယ်။ အခု ကျနော် Stick ရဲ့ Drive Letter သည် G: ဖြစ်တဲ့အတွက် G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါပြီ။
Enter နှိပ်လိုက်တာနဲ့ Type Drive Letter (again!) to start. ဆိုတဲ့ စာသားပေါ်လာပါတယ်.. Drive Letter ကိုထပ်ထည့်ခိုင်းတာပါ..အပေါ်ကအတိုင်းပါဘဲ G လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။
Enter နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အနီရောင်စာသားတွေ တက်လာပါလိမ့်မယ် ခဏလောက်စောင့်ပြီးတာ
နဲ့ Done! Press any key to exit ဆိုတာ ပေါ်လာပါလိမ့်မယ်...Enter တစ်ချက်နှိပ်ပြီး Stick ကို ကွန်ပျူတာမှ စနစ်တကျဖြုတ်ပြီး ပြန်တပ်ကြည့်ပါ.. 3.99GB ဖြစ်နေတာကိုမြင်ရပါလိမ့်မယ်ခင်မျာ.. တိုးသွားတာကိုမယုံ သေးဘူးဆိုရင် Data တွေကိုထည့်ကြည့်ပါဦး 3.99 GBအထိအပြည့်ထည့်နိုင်တာကို 
တွေ့ရပါလိမ့်မယ်ခင်ဗျာ။
မှတ်ချက်==> USB Stick တွေကို Name ပေးမယ်ဆိုရင် Mg MG(G:) ဆိုပြီး မောင်မောင်နာမည်နှစ်ကြားမှာ Space Bar မခြားပါနှင့်.. MgMG(G:) ဆိုပြီးတွဲရက်ပေးပါ။ပြီးမှ အဆင့်တွေကို ဆက်လုပ်ပါ။
ယခုနည်းလမ်းသည် အန္တရာယ်ကင်းရှင်းစွာဖြင့် စမ်းသပ်ပြုလုပ်နိုင်ပါတယ်..သေချာလုပ်ကြည့်ပါ..ရကိုရပါ
တယ်..မရတဲ့ သူအချို့လဲရှိနိုင်ပါတယ်..သေချာစမ်းကြည့်ပါ..မရရင် အခြား Stick , SD Card များဖြင့် စမ်းကြည့်ပါ။ တစ်ခုခုမှားယွင်းသွားတယ်ဆိုရင်..ဥပမာ..8 GB ရှိတာကို မှားယွင်းပြီး 4 GB ပြောင်းလဲမိတယ်ဆိုပါစို့..မစိုးရိမ်ပါနဲ့ Format သာချပေးလိုက်ပါ..မူလ 8GB ကိုပြန်ရပါလိမ့်မယ်ခင်မျာ..ကဲ..အားလုံးဘဲ..စမ်းသပ်ကြည့်နိုင်ကြပါပြီခင်မျာ ..
မှတ်ချက် => တစ်ချို့သော Memory Stick တွေအဆင်မပြေပါဘူး..ဒါပေမယ့် ဘာဆိုးကျိုးမှမရှိဘူးဆိုတာတော့ အာမခံပေးပါတယ်ခင်မျာ.. စိတ်မသန့်ဘူးဆိုရင် Format ချပေးလိုက်ရုံပါဘဲခင်ဗျာ။Credit>>> ( Myanmar IT Helper )

Temple Run: Brave v1.5 apk For Android Game (Unlimited Money)

ဒီဇိုင်းအသစ်များနဲ့ Temple Run: Brave v1.5 apk For Android Game (Unlimited Money)



Temple Run ကတော့လူတိုင်းသိပြီးသား လူကြိုက်များ Game တစ်ခုဖြစ်ပါတယ်ဗျာ။ အခုလည်း 17-Aug နေ့ ထွက်ထားတဲ့ Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခုထွက်လာတဲ့ Version အသစ်မှာတော့ ယခင် Version အဟောင်းနဲ့မတူတော့တဲ့ ပုံစံအသစ်တွေနဲ့ ထွက်လာတာဖြစ်တဲ့အတွက် ကစားသူများအ တွက် တမျိုးဆန်းစေမှာဖြစ်ပါတယ်ဗျာ။ ပြီးတော့ စိတ်ချမ်းချမ်းသာသာနဲ့ကစားနိုင်အောင် ပိုက်ဆံတွေကိုပါHackထားတဲ့Unlimited-Money အနေနဲ့တင်ပေးလိုက်ပါတယ်။ အေးအေးဆေးဆေးကစားရုံပါဘဲ။

မြန်မာ နှစ်၁၀၀ ပြက္ခဒိန် ( for andriod phone)

လိုအပ်နေသူတွေအတွက်ရှာပေးလိုက်ပါတယ်



Andriod ဖုန်းတွေ အတွက် မြန်မာ နှစ်တစ်ရာ ပြက္ခဒိန် လေး  တင်ပေးလိုက်ပါတယ် သက္ကရာဇ် ၁၂၆၂ မှ ၁၃၇၈ ထိ ပြန်ကြည့်နိုင်တဲ့ calendar လေးပါ။ အားလုံးလည်းအသုံးဝင်မယ်လို့ထင်ပါတယ်။ မိမိ နှစ်သက်တဲ့ နောက်ခံပုံ လည်းပြောင်းရသလို ကြိုက်တဲ့ ရက်စွဲတခုခုကို နှိပ်လိုက်ပါက ဘာနေ့ လည်း ဘယ်နှစ်ရက်လေးလည်း အစရှိတာတွေကို မြန်မာလို ဖော်ပြပေးပါတယ်။ မြန်မာဖောင့် မရှိတဲ့ ဖုန်းတွေ လည်း မြန်မာလိုမြင်ရတာကြောင့် အရမ်းအသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
စိတ်ဝင်စားရင်အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ...။
>>>>>Download Now<<<<<
App Screenshots

 အားလုံးအဆင်ပြေပါစေ.......။
 

Air World (ခိုးပြီးသား/offline/25mb)


 
မြေပေါ်မှာဘဲ ကစားတာပျင်းနေသူတွေအတွက်
ကောင်ကင်ပေါ်မှာ ကစားကြည့်ရအောင် :-P  ကောင်းကင်ကျွန်းလေးတွေပေါ်မှာ အိမ်လေးတွေဆောက် အကောင်လေးတွေမွေး အပင်လေးတွေစိုက် နဂါးပျံကြီးဆီးတိုင်း ဆော့ကစားရမှာပါ စိတ်ဝင်စားစရာကောင်းပါတယ်
ပိုက်စံကတော့ ရှာရခက်တယ်ဗျ...ဒါကြောင့် သုံးမကုန်အောင် ခိုးပြီးသားလေး တင်ပေးထားပါတယ်ဗျာ...
Click Here To Download >>> Air World 
Credit >>> ဒီဇင်ဘာချစ်သူ

MSP ဘလော့ကို APK နဲ့ online/ofline ကြည့်မယ်

ဒီ apk လေးကတော့ ကိုကို ညီညီ ဦးဦး တို့ကြိုက်မှာသေချာပါတယ်...msp ဘလော့လေးက တင်သမျှကို အင်တာနက်ခဏဖွင့်ရုံဖြင့် တင်ထားသမျှအားလုံးကိုကြည့်နိုင်မှာဖြစ်ပါတယ်.....(မှတ်ချက်။   ။ ကိုကို ညီညီ ဦးဦး တို့အတွက်သာဖြစ်ပါတယ် မမ ဒေါ်ဒေါ် များအတွက်မဟုတ်ပါ ) မှားဒေါင်းမိပါက ကိုယ့်ဒေါသနဲ့ကိုယ်နော် သားမပါဝူး.......အောက်မှာယူလိုက်နော်.....download လုပ်ဖို့လင့်နှစ်ခုပေးထားပါတယ်.....ဒေါင်းမ၇တာတို့ လင့်သေသွားတာတို့ ဖြစ်၇င် အော်ခဲ့လိုက်နော် အားမနာနဲ့......။

 

Undead Slayer


ဒီဂိမ်းကို Hangame ကနေရေးဆွဲထားတာပါ.. ရုပ်ထွက်အလွန်ကောင်းမွန်ပြီး 3D Hero Action Game အမျိုးအစားဖြစ်ပါတယ် ဆိုက်ကတော့ 34.9MB ရှိပါတယ်….
ကိုယ့်ရဲ့ Hero ကို Power Leavel တွေမြင့်မားလာအောင်ပြုလုပ်ပြီးတော့ ရန်သူတွေကို တိုက်ခိုက်ရမှာပါ…Stage တွေမြင့်လာတာနဲ့ အမျှ တိုက်ခိုက်ရမယ့် ရန်သူတွေရဲ့ အစွမ်းတွေကလဲမြင့်လာပါတယ် ဒါကြောင့် ကိုယ့်ရဲ့ Hero အတွက် လိုအပ်တဲ့ Skill တွေကိုရယူပေးရမှာဖြစ်ပါတယ်… Stage တစ်ခုပြီးသွားတိုင်း ရရှိလာမယ့် Gold,Jade တွေကိုစုဆောင်းထားပြီး Weapon,Armor,Item,Accessory တွေကိုဝယ်ယူပေးရမယ် Upgrade လုပ်ပေးရမယ်…ဒါမှ ရန်သူတွေကို တိုက်ခိုက်ရာမှာ အကောင်းမွန်ဆုံး အထောက်အကူပြုမှာဖြစ်ပါတယ်…
ဝယ်ယူဖို့အတွက်ကတော့ ပူစရာမလိုပါဘူးGold&Jadeခိုးပြီးသားလေးဆိုတော့ လွယ်ကူစွာ ဆော့ကစားနိုင်ပါတယ်…
အပျင်းပြေဆော့ယုံနဲ့ပြီးသွားတဲ့ Game လေးတော့ မဟုတ်ပါဘူး Online ကနေကိုယ့်ရဲ့သူငယ်ချင်းတွေရဲ့ Ranking တွေကိုလဲကြည့်ရှု့နိုင်မှာဖြစ်ပြီး အပြိုင်ကြွားလို့ရတာပေါ့ဗျာ….
Dota ဆော့တဲ့သူငယ်ချင်းတွေကတော့ အဲ့ဒီလောက် အများကြီးပြောစရာမလိုတော့ဘူးထင်တယ်နော် Dota လိုဂိမ်းမျိုးတော့မဟုတ်ပေမယ့် Hero ဆိုတာနဲ့ ဘယ်လိုကစားရမလဲဆိုတာတော့သိနေလောက်ပါပြီ
Screenshots:

Clash of the Olympians (16.19Mb)


Defence ဂိမ်းကိုကြိုက်သူများအတွက်

special ဂိမ်းလေးတခုပါ

ကိုယ်ရဲ့ စခန်းကို ကာကွယ်ရတဲ့ ဂိမ်းလေး ဖြစ်ပြီးတော့

hero တွေကို ရွှေးချယ်လို့ရပါတယ်

hero တွေကို upgarde လုပ်ပြီး ပါဝါတွေကိုလဲ မြှင့်ပြီး အသုံးပြုရမှာပါ

Clash of the Olympians highlights:
* Action packed defend the temple game that will test your wits and precision!
* 3 Heroes to choose from: Play as the mighty Heracles, the quick Perseus or the legendary Achilles!
* Face mythological creatures with different abilities! Minotaurs, Gorgons, Harpies and more!
* Train your hero! Upgrade his weapons and grant him special powers! Each hero has his own arsenal so choose wisely!
* Arcade style rewards! Show off your skill by performing head shots, multi-kills, quick kills and more!
So what are you waiting for! The hordes of Hades are approaching and only you can stop them!
Bring'em ON!
**Optimized for devices with 800x400 or better resolution.**

MX Player (V 1.7.19 ) Apk latest version

 
 
 
အသစ်ထုတ် MX Player (V 1.7.19 ) Apk
==========================
ဒီ application လေးက android phone တော်တော်များများမှာ နေရာယူထားတာကိုတွေ့ရပါတယ်ဗျာ။ ဒီကောင်လေးက သီချင်း
နားထောင်ဖို့ရော၊ movies တွေကိုကြည့်ဖို့အတွက်ပါအသုံးဝင်တာကြောင့်လည်း တော်တော်များများ သုံးကြတာကိုတွေ့ရပါတယ်။
အဲဒီအတွက်ကြောင့် version အသစ်လေးကို သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ Andorid version
2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။

Download->http://lnx.lu/1aiF
 
 
 Credit>>>ဆော့ဝဲမြို့တော်
 

livescore.apk new version

ဘောလုံးပွဲဝါသနာပါသူတွေအတွက် မိမိဖုန်းထဲမှာ အင်တာနက်ဖွင့်လိုက်တာနဲ့ ရလဒ်တွေကို
up to date ဖော်ပြပေးမဲ့ ဆော့ဝဲကောင်းလေးပါ.......အရင်livesocre နဲ့မတူပါဘူး.........
ပုံစံတစ်မျိုးလေးပါ.....
စိတ်ဝင်စားတယ်ဆိုရင်တော့

Download Here


အားလုံးပဲအဆင်ပြေကြပါစေ..........

Cread >>> BTS

Facebook v3.6.1 Apk

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက်  31 ရက် 8လပိုင်းမှာ  Facebook version အသစ်လေးပါ Update မလုပ်ရသေးရင် အောက်မှာရယူုနိုင်ပါတယ်
Dwonload>>>>mediafire (or)mirrorcreator (or)zippyshare
What's New
- Some stickers are now animated in messages—see Pusheen, Beast and Anooki wave, dance and wiggle! (Android 4.0.2 and higher)
- Bug fixes
New if you're using Home:
- Control the music you're listening to right from your lock screen
 

G610C-OneKeyTools

မင်္ဂလာပါခင်ဗျာ G610-C00 နဲ့ G610 အတွက် Custome Room စမ်းချင်သူများအတွက် CWM ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ

UnLock Root Pro 4.1.1.0


UnLock Root Pro 4.1.1.0





UnLock Root Pro ရဲ့ latest version တင်ပေးလိုက်ပါတယ်


The main function of this software is to obtain the highest user privileges, thus you can remove, install or uninstall any applications on your device freely and give you a clean system since you use Unlock Root. It has powerful functions and strong compatibility, and also it is very simple to operate. Nothing to worry whether your device would get bricked, because this software is stable enough.

Unlock Root has over 10,000,000 users around the world. It has 2 years of development. On December, 2012, Unlock Root Pro launched. It supports Android 2.2-2.3, 4.0.3 and even the hottest and latest devices, such as Samsung Galaxy S/SII/SIII, Note/Note 2, HTC One X, Amazon Kindle Fire/HD 7″,Google Nexus 4/7/10, etc. It is the safest root software and provided with restore function. You can successfully root your device in 5 minutes. We guarantee 100% refund if failed. What’s more, Unlock Phone is free of cost if you purchased Unlock Root Pro.


Key Features of Pro Version:
1. Overclocking
2. Underclocking which can help save battery
3. Mods to improve battery life
4. Access to apps that might require superuser permission
5. Removal of bloatware such as apps pre-installed by manufacturers or carriers
6. Deeper customization
7. Flashing ROMs such as CyanogenMod, MIUI
8. Gaining access to features that your carrier might otherwise have charged you a fee for i.e. WiFi/USB tethering.

လိုချင်ရင်တော့အောက်ကနေဒေါင်းယူသွားကြပါ...

Download here->> dropbox

Latest Version Hide It Pro 3.1.1

ဖုန်းတောင်းဆက်တဲ့အခါမပေးဆက်ပြန်ရင်လဲမကောင်း၊ပေးဆက်ပြန်တော့လဲ PCO ဖုန်းလိုလူတွေ့တိုင်း
ဖုန်းဘီလ်ကျန်သေးလားကစတော့တာပဲဆိုတော့၊ဘယ်လိုလုပ်ရမယ်မသိဖြစ်ပီးဖုန်းကိုစိတ်ကုန်နေသူတွေ
အတွက်......

အားသာချက်
သူ့အားသာချက်ကတော့Passwords ကိုမသိရင်ဖုန်းပိုင်ရှင်တောင်ဝင်လို့မရဘူးဗျ။နောက်ပီးအင်တာနက်
ပါPass words ခံလို့ရတရ်လေ၊မသုံးစေချင်တဲ့Massage,App ကအစအကုန်ဖွက်ထားလို့ရသဗျ။
လိုအပ်ချက်
Wifile ဒါမှမဟုတ်အင်တာနက်ချိတ်ထားဖို့လိုမယ်။(Install လုပ်နေတုန်းခဏလေးလိုတာပါ) Play store
ကနေလိုအပ်တဲ့ addon လုပ်ဖို့ပါ။
Install လုပ်ပုံအဆင့်ဆင့်( addon လုပ်ရန်)
 Apk ရယူပီး Install လုပ်ပါ။

 Audio Manager လိုဂိုလေးကိုခဏလောက်ဖိထားရမှာပါ။


Wednesday, August 28, 2013

Huawei ဖုန်း Step 2 error ကို ဘယ်လိုရှင်းမလဲ ?


Huawei ဖုန်းတွေ အများဆုံးဖြစ်ပါတယ် firmware တင်ရင် step 2 မှာ fail ဖြစ်တာက ဘာကြောင့်ဖြစ်တယ်ဆိုတာကို တော့ ကျွန်တော်အတိအကျမသိပါဘူး
ကျွန်တော်က developer လည်းမဟုတ်သလို ပညာရှင်လည်းမဟုတ်ပါဘူး။ အခုမှလေ့လာနေဆဲပါ။ ဒါပေမဲ့ step 2 fail ပြရင် ကျွန်တော်ရှင်းနေကြ နည်းလမ်း
လေးတွေကို သူငယ်ချင်းများသိစေလိုသော သဘောနဲ့ တင်ပြလိုက်ပါတယ်။
1.step 2 fail ပြရင် ပထမဆုံးအနေနဲ့ကတော့ sd card ကိုလဲ စမ်းကြည့်သင့်တာပါပဲ။ sd card မကောင်းရင်လည်း step 2 မှာ fail ပြပါတယ်။
2.နောက်တစ်ချက်အနေနဲ့ firmware ရဲ့ build no ပါပဲ။ တစ်ချို့ဖုန်းတွေက build no အမြင့်ဆုံးပြန်တင်မှရပါတယ်။ အဲ့တော့ firmware တင်မယ်ဆိုရင်
lastest တွေတင်တာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်(ကျွန်တော့်အထင်ပေါ့နော်)။ build no အမြင့်ဆုံးမဟုတ်ရင်လည်း fail ပြတတ်ပါတယ်။
3.နောက်တစ်ချက်အနေနဲ့ huawei flashing tool လေးကို အသုံးပြုပီးတင်ကြည့်ပါ။ တစ်ချို့လည်း အဆင်ပြေသွားတတ်ပါတယ်။
4.နောက်တစ်ခုက clockworkmod recovery(CWM) တွေကြောင့်ဖြစ်ပါတယ်။ အဲ့တာမျိုးဖြစ်ရင်တော့ အဲ့ cwm တွေကိုstock recovery ပြန်သွင်းပေးရပါတယ်။
stock recovery မသွင်းထားရင် firmware တင်မရတာ Ascend P1 ကိုင်တဲ့သူတွေ အများဆုံးကြုံကြရမှာပါ။
ok အာ့ဆို stock recovery ပြန်သွင်းမယ် but backup မလုပ်မိဘူး။ဘယ်လိုလုပ်မလဲ ?
stock recovery ကို orginal firmware ဖြစ်တဲ့ dload folder ရဲ့ updata.app ကနေခွဲထုတ်လို့ရပါတယ်။
ကဲခွဲထုတ်ချင်ရင်တော့ ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။ မူရင်း ပိုင်ရှင် KO Myo ဖြစ်မယ်ထင်တယ်။ သေချာမမှတ်မိတော့လို့ သက်ဆိုင်ရာ အားလုံးကို creadit ပေးပါတယ်။
ပီးရင်ဒေါင်းထားတဲ့ ဖိုင်လေးကို zip ဖြည်လိုက်ပါ။ function အနေနဲ့ သုံးမျိုးပါပါတယ်။အောက်မှာကြည့်ပါ။

Sony Firmware များစုစည်းမှု

                                                        

                                                          Xperia Mini (ST15i)
        Xperia Mini Pro (SK17i)
    PreRooted 4.0.2.A.0.69 - http://www.mediafire.com/?desy0bkka1b44g0 - Flash via Recovery

Y220S Frimware လေး(လိုအပ်နေသူများအတွက်)

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ Root မှားဖောက်မိလို့ Frimware လစ်သွားတာများရှိခဲ့ရင် စိတ်မပူပါနဲ့ခင်ဗျာ 
Frimware လေးကို တင်ပေးလိုက်ပါပြီးခင်ဗျာ 

Frimware တင်နည်းလေးကတော့ zip ဖိုင်ကနေ Dload ဖိုင်ကို Sd Card ထဲကို ထည့်ပါခင်ဗျာ 
ပြီးသွားရင် Volum Down + Volum Up+ Power  ကို တွဲနိုပ်ရျွှ် Frimware စတင်ပြီးတင်နိုင်ပါပြီခင်ဗျာ 


Download ဆွဲချင်သူများ အောက်က ဒေါင်းလော့လင့်ကို နိုပ်ပေးပါခင်ဗျာ


>>>>>>> 华为Y220-T10固件(Y220-T10,V100R001CHSC01B021,中国移动) <<<<<<<



 



အပေါ်က ဒေါင်းလော့ လင့် အဆင်မပြေခဲ့ရင် အောက်က ဒေါင်းလော့လင့်ကို ကိုနိုပ်ပြီးတော့ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ 

 >>>>>> Y220-T10,V100R001CHSC01B021 <<<<<< 


Rooted Frimware လေးကိုဒေါင်းလော့ ဆွဲချင်တယ်ဆိုရင်တော့ အောက်က ဒေါင်းလော့ လင့်မှာ နိုပ်ပြီးတော့ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ 

>>>>>> Rooted Frimware Y220 -T10,V100R001CHSC01B021 <<<<<<< 

ဒေါင်းလော့လင့်များအဆင်မပြေရင် ကျေးဇူးပြုပြီးတော့ Reply လေး ပြန်ပေးပါခင်ဗျာ 

HDR Camera

Snap Camera HDR v3.4.8 Apk 5MB

HDR Camera ဆောစ့်ဝဲလ်လေးအသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update တင်ပေးလိုက်ပါတယ်
ဒီကောင်လေးကတော့ ဓာတ်ပုံရိုက်တဲ့အခါ ရိုက်မယ့်ပုံရိပ်ကို ရုပ်ထွက်အကောင်းဆုံးဖြစ်အောင်
အလင်းအမှောင်အမျိုးမျိုးချိန်ညှိနိုင်ပါတယ်။
ရုပ်ထွက်ကောင်းအောင်အထောက်ပံပေးတဲ့ဆောစ့်ဝဲလ်လေးပါ
Download>>>>mirrorcreator (or)zippyshare

Tuesday, August 27, 2013

Y300-0000,Android 4.1 firmware

华为Y300固件(Y300-0000,Android 4.1,Emotion_UI,V100R001C17B172,中国联通,05011FGD)အတွက် Firmware တင်ပေးလိုက်ပါတယ် လိုချင်သူများ အောက်မှာဒေါင်းသွားနိုင်ပါသည်။

Credit >>>BTS

Angry Zomibie Rumble

Angry Bird ဆော့ရတာရိုးလာပါပြီဗျာဒီတော့ပုံစံတူအသစ်လေးတွေဆော့ကြရအောင်
ခုလာတာက Angry Zomibie Rumble ပါ သူက Angry Bird နဲ့ကစားရပုံချင်းတူပါတယ်
ဒါပေမဲ့ပိုခက်မယ်နော် Zomibie  တွေကလမ်းလျှောက်နေမှာဆိုတော့လက်တည့်ဖို့တော့လိုတယ်နော်
ကဲ့အောက်က Screenshots လေးတွေကြည့်ပြီကြိုက်နှစ်သက်ပါက Free ဒေါင်းနိုင်ပါပြီ


Bagan Keyboard Pro Version 1.6.8


 
Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။
၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။
၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။
၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

Download ပြုလုပ်လိုပါက-

Kanaung Store >>>(http://www.bitmyanmar.com.mm/kanaung/bagankeyboard
 
)
Play Store >>> (https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp
 
)

V Root Version 1.6.0 update


V Root နောက်ဆုံးထွက် Version  1.6.0 update ထွက်ပါပြီခင်ဗျာ
လိုချင်သူများ   ဒီမှာ  ဒေါင်းနိုင်ပါသည်…………

Monday, August 26, 2013

Huawei G610 Firmware များ စုစည်းမှု

Huawei G610 Firmware ကို ဖုန်းဧ။် Model ကို သေချာကြည့်
ပြီးဒေါ်င်းပါ ခင်ဗျား . . .
 Download link
Huawei G610 - T00
 Huawei G610 - U00

  Huawei G610 - U00
 Huawei G610 - C00

http://phyozinlinblogger.blogspot.com/2013/08/huawei-g610-firmware-t00-u00-c00.html
မှ ကူးယူဖော်ပြသည်

Huawei တွေ Firmware ရှာရာမှာ ကူညီပေးမယ့် Huawei Firmware Search Engine

Firmware ရှာတာ Pro တွေအတွက်တော့ လွယ်ကူတယ်ဆိုပေမယ့် ကျွန်တော်တို့လို 

မိုဘိုင်းလောကထဲဝင်ကစ လူတွေအတွက်တော့ ခက်ပါတယ်... 

  ပြီးခဲ့တဲ့နှစ်ရက်လောက်က Y320-U01 လေးကို Firmware ရှာတာ မူးနောက်သွားလို့ ပြီးတော့ Bro Sai 

Arkar ရဲ့ Tool လေးစီကနေ အကြံရပြီး ဒီ

 Tool လေးကို လုပ်ဖြစ်သွားတာပါ... ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဒီ Tool က Web 

အပိုင်းအဓိကဆိုတော့ ကျွန်တော်တို့ရဲ့ Web Developer 

ကြီး Green Like Orange ရဲ့ အဓိကလုပ်အားချည်ပါပဲ။ ကျွန်တော်လုပ်ထားတာက 

နည်းနည်းပါးပါးပါ။ နောက်ထွက်မယ့် Version မှာ Bro Green Like 

Orange ကပဲ အားလုံးကို လုပ်ပါလိမ့်မယ်... ကျွန်တော်က နောက်လိုက်ပေါ့ 
 

 ရှာပုံရှာနည်းကတော့ တရုတ်ဘက်ကသွင်းတဲ့ အလုံးတွေအတွက် ဘယ်ဘက်အပေါ်ဘက်က
 
 ComboBox လေးကို Click ပြီး China ကိုရွေးပါ... 

 Singapore နဲ့ တစ်ခြားအလုံးတွေဆိုရင်တော့ Global ကိုရွေးပါ ထို့နောက် SearchBox မှာ ဖုန်းအမည် 

ဥပမာ Ascend P6 (သို့) ဖုန်းမော်ဒယ် ဥပမာ 

G610-U00 အစရှိသဖြင့် ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျာ........

      <<Download From Zippyshare>>

<<Dwonload From D-h-st>>

Myandroid v1.4 (Myanmar Android Service Tool)

Myandroid v1.4 ကို Free Share ပေးလိုက်ပါတယ်…
ဒီ Tool လေးကနေ လုပ်ဆောင်နိုင်တဲ့ Function တွေကတော့

- Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- စံမြန်မာစာ သွင်းနိုင်ခြင်း
- Smart Zawgyi မြန်မာစာသွင်းနိုင်ခြင်း
- Android 4.0 Google App သွင်းနိုင်ခြင်း
- Android 4.1 Google App သွင်းနိုင်ခြင်း
-Andriud 4.2 Google App သွင်းနိုင်ခြင်း
- Pattern & Password ဖြတ်နိုင်ခြင်း
-Factory Reset လုပ်နိုင်ခြင်း
- Recovery Mode ၀င်ရောက်နိုင်ခြင်း
- Download Mode ၀င်ရောက်နိုင်ခြင်း
- Fastboot Mode ၀င်ရောက်နိုင်ခြင်း
- Adb Error များကို ဖြေရှင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါတယ်။
နောက် Version အသစ်ထွက်ရင်လဲ သတိပေးနိုင်မဲ့စနစ်များပါထည့်သွင်းထားပါတယ်။
ဒီ Tool လေးကိုတော့ ၂လ ကျော် အချိန်ယူရေးဆွဲထားပါတယ်။
ဒီ Tool ကိုအသုံးပြုဖို့ .Net 4.0 လိုအပ်ပါတယ်
မရှိသေးသူများ ဒီမှာဒေါင်းပါ။

Sunday, August 25, 2013

Android Settings အကြောင်း လေ့လာခြင်း

Android Settings  အကြောင်း လေ့လာခြင်း
Service သမားတစ်ယောက်ဟာ ဖုန်းတစ်လုံးကို လေ့လာမယ်ဆိုရင် သူ့ရဲ့ settings ပိုင်းကို အရင်လေ့လာတာ အကောင်းဆုံးဘဲအားလုံးက သူရဲ့settings ထဲမှာဘဲအကုန်ရှိပါတယ် အခုပြောပြမှာကတော့ android settings အကြောင်းပါခင်ဗျာ ဒီ settings ပိုင်းကို သိသွားရင် အားလုံးကိုယ် လုပ်ချင်တာ လုပ်လို့ရပါပြီ သင်တန်းတွေမှာ တော်တော်များများ ဒီအကြောင်းတွေကို မပြောပြပါဘူး ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းနားလည်နေတယ် ထင်လို့ပါ မထင်ပါနဲ့ တစ်ချို့သင်တန်းသားတွေ ဆိုရင် android ဆိုတာ ဘာမှန်းတောင် မသိပါဘူး settings ပိုင်းဆိုရင်လေ့လာဖို့ ပြောမနေပါနဲ့ Androoid 0s တစ်ခုလုံးကို ထိန်းချုပ် နိုင်တာကတော့ system settings အဖြစ် settings ဆိုတဲ့application တစ်ခု ထည့်သွင်းပေးထားပါတယ် သင်တန်းသား တစ်ယောက်က android 0s ကို အသုံးပြုမယ်ဆိုရင် settings ပိုင်းဆိုင်ရာ ကို ကျွမ်းကျင်နေဖို့ လိုပါတယ် 
                  
                 

 တစ်ခုချင်း ရှင်းပြပါမယ် အခု ဒီဟာကလေးက တော့  version ၄.၀ အထက် settings လေးပါ settings ပိုင်းဆိုင်ရာက version အလိုက် ကွဲလွဲပါတယ် ဒါပေမဲ့ တစ်ခုနဲ့ တစ်ခုက ပုံစံတူတူပါဘဲ 

HTC One X ကို 4.1.1 Jelly Bean Aokp Custom Firmware တင်နည်း



ပထမဆုံးလုပ်ရမှာကတော့ HTC တို့ရဲ့ထုံးစံအတိုင်း UnlockBootloader ဖြစ်အောင်လုပ်ရပါမယ်။

ဒီမှာလေလာ့ လိုက်ပါ။  HTC Unlockbootloader လုပ်နည်း

ပြီးသွားရင်တော့ One X အတွက် Offical CWM ထည့်လိုက်ရပါမယ်။

CWM ထည့်ဖို့ဒါလေးတွေအရင်ဒေါင်းလိုက်ပါ။

HTC Sync

HTC Driver  (DropBox)

HTC Driver   (MediaFire)

OneX CWM.rar  (MediaFire)

OneX CWM.rar  (DropBox)

Password:    phyochan

ပြီးရင်တော့ ဖုန်းကို Power ပိတ်လိုက်ပါ။

MPT Service v1.0.1 (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)

MPT Service v1.0.1 လေးကတော့ အရင် v1.0.0 မှာအဆင်မပြေတာလေးတွေကို

ပြန်လည်ပြင်ဆင်ပေးထားတဲ့အပြင် GSM အချင်းချင်းငွေပို့နိုင်တဲ့ ၀န်ဆောင်မူ့ကိုပါ

ထည့်သွင်းပေးလိုက်ပါတယ်။
ဒီApp လေးရဲ့ Featured တွေကတော့

- GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း
- GSM,CDMA ငွေဖြည့်နိုင်ခြင်း
- GSM Internet လျှောက်ထားနိုင်ခြင်း
- GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း
- GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း
- Voice Mail အကြောင်းရှင်းပြထားခြင်းများအပြင်
မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။

သတိပေးချင်တာကတော့ Internet လျှောက်ပြီးသားဖုန်းတွေ ထပ်ပြီးတော့
Internet လျှောက်ရန်ကိုမနှိပ်မိပါစေနဲ့။
မှားနှိပ်လို့ ၁သောင်းထပ်ဖြတ်ခံရလျှင် တာဝန်ယူမှာမဟုတ်ပါဘူး
သတိပေးချက်ပေါင်းများစွာလဲထည့်သွင်းပေးထားလို့
အဆင်ပြေပြေအသုံးပြုနိုင်မယ်ထင်ပါတယ်။
ဒီမှာဒေါင်းပါ။

http://www.mediafire.com/download/9un0k79iy4wztiu/MPT_Service_v1.0.1.apk

ds

All In One UnlockBootloader Tool Kit

ဒီ All In One UnlockBootloader Tool Kit လေးကနေ မိမိနှစ်သက်ရာဖုန်းအားလုံးကိုလုပ်နိုင်ပါတယ်…..
ကိုယ့်လုပ်ချင်တဲ့ဖုန်းအမျိုးအစားကိုရွေးချယ်ပြီးလုပ်နိုင်ပါတယ်…..
ဒီ Tool လေးရဲ့အားသာချက်ကတော့ဘယ်ဖုန်းကိုမဆိုမြန်မြန်လေး Unlock လုပ်ဆောင်နိုင်ပါတယ်…
Offline သုံးရတာမျိုးပါ… Unlock လုပ်ဖို့ကတော့ Connection မလိုပါဘူး
Error လဲတက်စရာမရှိပါဘူး…. လိုချင်တဲ့အမျိုးအစားကိုနှိပ်လိုက်ရင်
နောက်ထပ်ရွေးချယ်စရာတွေရှိလာပါလိမ့်မယ်..
အသုံးပြုရတာလွယ်အောင် Read Me လေးတွေပါထည့်ပေးထားပါတယ်……..
စာရွက်ပုံလေးနဲ့ဟာလေးက Read Me လေးပါ..
ကိုယ်လုပ်မဲ့ ဖုန်းကိုရွေးပြီးရင် Read Me မှာထပ်လေ့လာနိုင်ပါတယ်..
ကဲအသုံးပြုကြည့်လိုက်ပါ။ ဒီမှာဒေါင်းပါ။

Download Here



Huaewi Bootloader Unlock State

Huawei အကြောင်းကိုအရင်ရှင်းပြပါမယ်….
ပထမဆုံး Huawei လို့ရေးထားတဲ့ Button ကိုတစ်ချက်နှိပ်လိုက်ပါ။
Screenshot - 3_7_2013 , 10_30_58 AM

တစ်ချက်နှိပ်လိုက်ရင်တော့ဒီလိုပုံလေးဖြစ်သွားပါလိမ့်မယ်….
Button လေး သုံးခုပေါ်လာပါလိမ့်မယ်…