ဆိုဒ်ပေါင်းစုံက Up to Date ဖြစ်မဲ့နည်းပညာတွေကိုလူကြီးမင်းတို့စီပြန်လည်မျှဝေပေးနေတာပါခင်ဗျာ သက်ဆိုင်ရာဆိုဒ်တွေကိုလဲ Credit ပေးပါတယ်ဗျာ User တွေအဆင်ပြေမှုကိုသာရည်ရွယ်ထားပါတယ် နားလည်ပေးနိုင်မယ်ထင်ကြပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...

Saturday, August 17, 2013

HDD Regenerator

 မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ဖြစ်ပါတယ်ခင်မျ..အခုပြောပြမှာကတော့
ကွန်ပျူတာ ဆားဗစ်သမားအများစုသိကြတဲ့ HDD Regenerator လေး
ပါ။ သူ့ရဲလုပ်ဆောင်ချက်တွေကတော့ ကွန်ပျူတာမှာရှိသော Hard Disk
ကို  Bad Sector တွေစစ်မယ်။ စစ်ပီးသွားရင် Repair ပြန်လုပ်မယ်စသဖြင့်
လုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့က Bad Sector ကိုစစ်
ကြသလည်းဆိုတော့ကျွန်တော်တို့ကွန်ပျူတာအသုံးပြုသူများဟာ နေ့စဉ်
နှင့်အမျှ ဒေတာတွေကို သိမ်းဆည်းကြတယ်။ ပြန်ဖျက်ကြတယ် စသဖြင့်
ဒီလိုမျိုးတွေလုပ်ဆောင်ကြပါတယ်။ သာမာန်ဝင်းဒိုးပေါ်ကနေပီးတော့
Disk Defragment လုပ်ခြင်းတွေ၊ Disk Cleaning လုပ်ခြင်းတွေက သာ
မာန်အားဖြင့်တော့ ယာယီအဆင်ပြေပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်မှုတွေ
များလာခြင်း၊ လျှက်စစ်ဓာတ်အားရုပ်တရက်ပြတ်တော့မှုတွေကြောင့်သော်
၎င်း။ ကွန်ပျူတာအတွင်းရှိ Hard Disk မှာ Bad Sector တွေပေါ်လာပါတယ်။
ထိုသို့ပေါ်လာတဲ့အခါ ကွန်ပျူတာရဲ့ Performance တွေကျလာမယ်။
နောက်ပီး ဒေတာတွေကိုကော်ပီကူးတဲ့အချိန်၊ Paste လုပ်တဲ့အချိန်တွေ
လည်းကြာလာမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က ၃လတစ်ကြိမ်
လောက်အနည်းဆုံးလုပ်ဆောင်ပေးသင့်ပါတယ်။ယခုကျွန်တော်ပေးမယ့်
Software လေးကတော့ Full Version လေးဖြစ်ပါတယ်။ သူ့ကိုသင့်ကွန်
ပျူတာအတွင်းသွင်းလိုက်ပီး တာနဲ့ အားသာချက်တစ်ခုက Memory Stick
သို့မဟုတ် CD များပေါ်တွင် Bootable Devices အဖြစ်အလွယ်တကူသတ်မှတ်
လို့ရပါတယ်။အောက်ဖော်ပြပါပုံအတိုင်းပေါ့။ သင်က Memory Stick (USB) နဲ့
Bootable လုပ်ချင်တယ်ဆိုရင် မှင်နီရောင်အ၀ိုင်းလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
အဲဒီမှာတစ်ခုသတိထားရမှာက သင် Bootable လုပ်မယ့် Devices ထဲမှာရှိသော
ဒေတာများကိုတော့ ကြိုတင် ဘက်ကပ် လုပ်ထားရမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ သူက Data Over write လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် သင့်စတစ်
ထဲကဒေတာများက ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲတဲ့နည်းလေး

မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ...အခုဖော်ပြပေးမယ့်နည်းကတော့ Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲတဲ့နည်းလေးဖြစ်ပါတယ်ခင်မျ..ဘယ်လိုလုပ်မလဲကြည့်
လိုက်ကြရအောင်..
သင့်ဖုန်းထဲက ဓာတ်ပုံတွေကို အွန်လိုင်ကနေတိုက်ရိုက် ဒေါင်းလုပ်ဆွဲမယ်
အရင်ကတော့ ကျွန်တော်တို့ အဝေးရောက်နေတဲ့ ကိုကို၊ မမ တွေ
အိမ်က မိဘ ဆွေမျိုးတွေဆီဓာတ်ပုံပို့ချင်ရင် E-mail ကနေတဆင့်
ပို့ကြရပါတယ်။ အခုတော့ E-mail ကိုတောင်သုံးစရာမလိုတော့ဘူးဗျ
အင်တာနက်ကော်နပ်ရှင်ရှိပြီး Wifi File Explorer ဆိုတဲ့ Android Software
လေးရှိရုံဖြင့် ဖုန်းထဲကို အွန်လိုင်းကနေတိုက်ရိုက် ၀င်ရောက်ကြည့်ရှု
ဒေါင်းလုပ်ဆွဲလို့ရပါပြီကဲ စလိုက်ကြရအောင်လားဗျာ…
အရင်ဆုံး လိုအပ်တဲ့ Software က Wifi File Explorer ဆိုတာလေးကို
ဒေါင်းလိုက်ပါ။ပြီးရင်တော့သင့် Android Phone ထဲမှာ Install သွင်း
ထားလိုက်ပါ။

မြန်မာရွက်ဆုတ်ပြက္ခဒိန် V1.0 (FOR IPHONE, IPAD, IPOD TOUCH)

မြန်မာရွက်ဆုတ်ပြက္ခဒိန် V1.0 (FOR IPHONE, IPAD, IPOD TOUCH)


မြန်မာပြက္ခဒိန် လွယ်လွယ်လေးနဲ့ ကြည့်လို့ရတယ်အဆင်လဲပြေတယ်
မြန်မာနေ့ကိုဘာမှန်းကိုမသိကြတော့ဘူး ကျွန်တော်လဲပါပါတယ်
အားလုံးကိုလဲအဆင်ပြေစေချင်ပါတယ် ဥပုသ် နေ့လေးပါထည့်ပေးရင်အရမ်းကောင်းမှာပဲ
မထည့်ထားတော့လဲ ကိုယ့်ဘာသာကိုယ်တွက်လို့ရလို့ အဆင်ပြေပါတယ်
ကျွန်တော်လဲ ဒီပြက္ခဒိန်လေးကြည့်ပြီး ဥပုသ်တစ်ရက်စောင့်လိုက်ရလို့
အလွန်ပဲကျေးဇူးတင်ပါတယ်
apple store မှာ Free ပေးပါတယ်
အောက်မှာက Crack ထားပြီးသားလေးကို upload လုပ်ပေးထားပါတယ်

DOWNLOAD
DOWNLOAD

လိုအပ်ချက်အနေနဲ့ကတော့ iOs 5 နဲ့အထက်လိုပါတယ်

အဓိပတိ
www.trtech-mm.com ကျေးဇူးပါနော် 

Friday, August 16, 2013

မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။












မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။
ဖန်တီးထားသူကတော့ THE DOT CO ဖြစ်ပါတယ်။
MTV များကို YouTube Link တွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်လို့ ..
မိမိဖုန်းထဲမှာ YouTube (သို့) Web Browser တစ်ခုခုဖြင့် ကြည့်ရှုနိုင်ပါတယ်။ search box ပါရှိလို့ MTV များကို စာရိုက်ကာ ရှာဖွေနိုင်ပါတယ်။ သီချင်းချစ်သူတွေအတွက် up to date MTV များကို ရှာဖွေ ကြည့်ရှုနိုင်မယ့် Media App လေးဖြစ်ပါကြောင်း ညွှန်းလိုက်ပါတယ်။
သဘောကျရင် Play Store မှာ သွားရောက် အားပေး comment ရေးပေးကြပါ။ ဒါမှ developer တွေအတွက် အားတစ်ခုဖြစ်စေမှာပါ။ မြန်မာ app လေးတွေ ဖန်တီးကြသူများအား အစဉ်လေးစားလျှက် .........။

download -

Play Store - https://play.google.com/store/apps/details?id=thedotco.app.myanmarsongs&hl=en
အောက်မှာဒေါင်းနိုင်ပါတယ် ဒါတိုက်လင့်တွေပါအဆင်ပြေကြပါစေဗျား

Dropbox - https://www.dropbox.com/s/1y5l2cw8b96g9qg/Myanmar%20Songs%201.3_30.apk

Copy - https://copy.com/TJMKob2m6LnG

Zippyshare - http://www73.zippyshare.com/v/77401139/file.html

ပျော်ရွှင်ပါစေ။

Mr.AD ကျေးဇူးနော် 

Android မှာ ကိုယ်ပိုင် Live Wallpaper APK ဖန်တီးကြမယ်(Android Live Wallpaper maker 1.3.1)



ကဲဗျာ.....Android မှာ ကိုယ်တိုင် Live Wallper APK လေးလုပ်ချင်ပါတယ်ဆိုတဲ့ သူငယ်ချင်းများအတွက်
Android Live Wallpaper maker ဆိုတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင် LiveWallpaper APK လေး ဖန်တီးလို့ရပီပေါ့ဗျာ....အသုံးဝင်သလို အစွမ်းလည်းထက်ပါတယ်။ file size ကလည်း သေးတော့ ဘာပဲဖြစ်ဖြစ် ကျေနပ်ကြမှာပါ။



အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။



မြန်အောင်သားဖြိုးကြီးရေကျေးဇူးနော် ကူယူထားတဲ့အတွက်ပါ